ဂွမြို့နယ်၌ ၂၀၂၁-၂၀၂၂ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများအား စာစစ်ဌာန (၃)ခု၌ စတင်ဖြေဆို

ဂွ မတ် ၃၁

ဂွမြို့နယ်၌ ၂၀၂၁/၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲများအား ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ သက်ဆိုင်ရာ စာစစ်ဌာနများတွင် ကျောင်းသားဝ ကျောင်းသူများ မြန်မာစာ ဘာသာရပ်အား စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် စာစစ်ဌာနစုစုပေါင်း (၃)ခုရှိပြီး ကျောင်းတွင်းနှင့် ကျောင်းပြင်ပမှ ဝင်ရောက် ဖြေဆိုခွင့် လျှောက်ထားသူ ကျောင်းသား/ကျောင်းသူ(၇၇၀)ဦးရှိကြောင်းနှင့် ယနေ့ မြန်မာစာ ဘာသာရပ်အား ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ(၆၉၁)ဦးရှိရာ ပျက်ကွက်သူ ကျောင်းသား/ကျောင်းသူ(၇၉)ဦး ရှိကြောင်း၊ ဖြေဆိုရာခိုင်းနှုန်း(၈၉.၇၄) ဖြစ်ကြောင်း မြို့နယ်ပညာမှူးရုံးမှ သိရသည်။

ရွှေရည်ဝင်းကျော်