ပုဏ္ဏားကျွန်း မတ် ၃၁
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ စာစစ်ဌာန (၁၂)ခု ဖွင့်လှစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကြီးကြပ်၍ စာစစ်ဌာန(၁၂)ခုကို မြို့ပေါ်သို့ ပြောင်းရွှေ့ထားပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများက နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ကျောင်းတွင်းဖြေဆိုမည့် ကျောင်းသား/သူ(၁၂၉၆)ဦး၊ ပြင်ပမှဝင်ရောက် ဖြေဆိုမည့် ကျောင်းသား/သူ(၂၀၂၈)ဦး၊ စုစုပေါင်းကျောင်းသား/သူ(၃၃၂၄)ဦးရှိပြီး၊ ယနေ့ မြန်မာစာ ဘာသာအား စာစစ်ဌာန(၁၂)ခုတို့၌ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက် ရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)