ရခိုင်ပြည်နယ်

ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ ဓာတုဗေဒဘာသာရပ် ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင် စာမေးပွဲစာစစ်ဌာန (၁၀)ခုတွင် ဓါတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ များဖြေဆို

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၀)ခုတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဓါတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၁၁၆၈)ဦး ဝင်ရောက် ဖြေဆိုကြသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေး ငွေများ ပေးအပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များအား အာယာရ ဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းစဉ်အရ ထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းကို ရပ်ကွက်များရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် စုရပ်အသီးသီးတွင် ကိုယ်ဝန်ဆောင် မိခင်များနှင့် (၂)နှစ် အောက် ကလေးငယ်များအား ယမန်နေ့ နံနက်ပိုင်းကစ၍ စတင်ကာ ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် မီးစနစ်တကျ သုံးစွဲရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နေ့လယ်ပိုင်းက မြို့နယ်မီးသတ် ဦးစီးဌာနမှ မြို့ပေါ် ရပ်ကွက်များတွင် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် ဧပြီလအတွင်း ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးရေးအတွက်  Mobile Team ဖြင့် ကာကွယ်ဆေးများ လိုက်လံထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး ဆေးထိုးရန် အကျုံးဝင်သူအားလုံးအား ၂၀၂၂-ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ နောက်ဆုံးထားပြီးရာနှုန်းပြည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံပြီးစီးရေး ဆောင်ရွက်သွားနိုင်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဇာနည်ကျော်၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဧပြီလ(၅)ရက်နေ့မှ ဧပြီလ(၂၈)ရက်နေ့အထိ  Mobile Team ဖြင့်  ကျေးရွာများသို့ ကွင်းဆင်းကာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို လိုက်လံထိုးနှံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်တောမြို့နယ် IDPsစခန်းများ၌ ခိုလှုံနေကြသော ပြည်သူများအား သတ္တမအသုတ် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) စတင်ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းများတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား သတ္တမအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin)ကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံခဲ့ကြောင်းသိရသည်။

ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား နဝမအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin)ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူ များအား နဝမအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Covaxin) ထိုးနှံ ပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများတွင် ယမန်နေ့ နံနက်ပိုင်းက ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးကို စနစ်တကျ သုံးစွဲရေး အသိပညာပေး နှိုးဆော်

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးကို စနစ်တကျသုံးစွဲရေး အသိပညာပေးနှိုးဆော်ခြင်းကို  ယမန်နေ့ညနေ ၅နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ဖြေဆိုမှုရာခိုင်နှုန်း(၉၀.၅၈)ရာနှုန်းရှိ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ ကျောင်းသား၊ ‌ကျောင်းသူများအေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။

မြောက်ဦးမြို့တော်ကို အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်သည် အထင်ကရရှေးဟောင်းမြို့တော်ဖြစ်သည်နှင့်အညီ UNESCO ဝင်နိုင်ရန်အတွက် အမှိုက်ကင်းစင်မြို့တော်ဖြစ်စေရန်အလို့ငှာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများတို့ ပူးပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန်က ရှစ်သောင်းပုထိုးတော်ကြီးနှင့် တုက္ကံသိမ်ပုထိုးတော်ကြီး နေရာများ၌ ပေါက်ရောက်နေသော ခြုံနွယ်များ၊ လမ်းဘေးဝဲယာရှိ အမှိုက်များအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်