တောင်ကုတ်မြို့နယ်၌တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ဖြေဆိုမှုရာခိုင်နှုန်း(၉၀.၅၈)ရာနှုန်းရှိ

တောင်ကုတ်   ဧပြီ  ၂

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင်  ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ ကျောင်းသား၊ ‌ကျောင်းသူများအေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်တွင် စာစစ်ဌာနများအဖြစ် မြို့ပေါ်၌ အထက-၁၊ အထက(၂)၊အထက(၃) နှင့် အကထ-၄(ဂူတာ)ကျောင်းများတွင်လည်းကောင်း ၊ တန်းလွဲမြို့တွင် အထက(ရွာမ)တွင်လည်းကောင်း၊ မအီမြို့တွင် အထက (မအီ)နှင့်အထက(လမူးမော်)တွင်လည်းကောင်း၊ စုစုပေါင်း(၇)ခုဖွင့်လှစ်ထားရှိပြီး အဆိုပါ စာစစ်ဌာန(၇)ခု၌ ဝင်ရောက်ဖြေဆိုသူကျောင်းသား(၁၁၁၆)ဦး၊ ကျောင်းသူ(၁၆၈၃)ဦး၊ စုစုပေါင်း (၂၇၉၉) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား(၁၇၂)ဦး ၊ကျောင်းသူ( ၁၁၉)ဦး၊ စုစုပေါင်း (၂၉၁)ရှိခဲ့သည့်အတွက် ဖြေဆိုမှုရာခိုင်နှုန်း(၉၀.၅၈)ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှသိရသည်။

တောင်ကုတ်မြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်နယ်မြေခ တပ်နယ်မှတပ်မတော် သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ရပ်ကွက်ကွက်အုပ်ချုပ်ရေးမှူးက အပြင်စည်းလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ်ရှိစာစစ်ဌာန(၄)ခုသို့ တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင်၊ ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များမှ လှည့်လည်ကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)