ပေါက်တော ဧပြီ ၄
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ ဓာတုဗေဒဘာသာရပ် ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.က-ပေါက်တော၊ အ.ထ.က-မြို့မ၊ အ.ထ.က-သဝင်ချောင်း၊ အ.ထ.က-မြင့်ဂါ၊ အ.ထ.က-လက်ပံပြား၊ အ.ထ.က-ကျောက်တောင်နှင့် အ.ထ.က-ဆင်တက်မော် စာစစ်ဌာနများတွင် စစ်ဆေးလျက်ရှိရာ တာဝန်ကျ ကြီးကြပ်ရေးမှူး များနှင့် ဆရာ၊ ဆရာမများမှ စနစ်တကျကြီးကြပ်ဆောင်ရွက်လျက်ရှိကြပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့ပြင်မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် ယနေ့ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၅၈၅)ဦး ဖြေဆိုပြီး၊ ပျက်ကွက်သူ(၁၂၁)ဦးရှိရာ၊ ဖြေဆိုသူရာခိုင်နှုန်းအားဖြင့် (၉၂.၉၁) ရာခိုင်နှုန်းဖြင့် အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)