ရခိုင်ပြည်နယ်

မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒနှင့်ဘောဂဗေဒ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန သုံးခုဖွင့်လှစ်၍ နံနက် ၉ နာရီအချိန်မှ မွန်းတည် ၁၂ နာရီအချိန်ထိ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ဇီဝဗေဒနှင့် ဘောဂဗေဒ ဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုခဲ့ကြသည်။

မင်းပြားမြို့နယ်အတွင်းရှိ စာစစ်ဌာနအလိုက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒ/ ဘောဂဗေဒ ဘာသာရပ်ကို စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သတ်မှတ်ကျောင်းစာစစ်ဌာန အသီးသီး၌ ဇီဝဗေဒ/ဘောဂဗေဒ ဘာသာရပ်ကို အေးချမ်းစွာဖြေဆိုကြသည်။

တောင်ကုတ်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဆဌမ‌မြောက်နေ့ ဆက်လက် ဖြေဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၇) ခုဖွင့်လှစ်၍ မတ်လ(၃၁)ရက်နေ့မှစ၍ဖြေဆိုလျက်ရှိရာ ယနေ့နံနက်တွင် ဆဋ္ဌမမြောက်နေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်များ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၁၉)ဦး အေးချမ်းစွာဖြင့် ဝင်ရောက် ဖြေဆိုလျက်ရှိသည်။

ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန (၇) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆို

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၃၁)ရက်နေ့မှ စတင်​ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ဇီဝဗေဒဘာသာရပ်နှင့် ဘေဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၃၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒ ဘာသာရပ်အား ကျောင်းသား၊ကျောင်းသူများ ဆက်လက်ဖြေဆို

၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၃၁) ရက်နေ့ မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန (၃၅)ခု၌ ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ရမ်းဗြဲမြို့နယ် အတွင်းရှိ စာစစ်ဌာန (၁၀) ခုတွင်ဖြေဆို

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၀) ခုတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဎာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး အေးချမ်းစွာ ဖြေဆိုကြကြောင်း သိရသည်။

မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက်နိုင်ရေးအတွက် ပြည်သူလူထုများအား အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရေးအတွက် ပြည်သူလူထု များအား အသိပညာပေး ဟောပြောပွဲကို အောင်တပ်အုပ်စု၊ ဒိုင်းကျီရပ်ကွက်ရှိ စာသင်ကျောင်း၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီ အခြေခံ ပန်းချီပညာသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီအခြေခံပန်းချီပညာသင်တန်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ပေါက်တောမြို့၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေး အားကစားဆိုင်ရာ အသိပညာပေး (Talk Show) ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး အားကစားဆိုင်ရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်