ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန (၇) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆို

ပေါက်တော ဧပြီ ၆

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၃၁)ရက်နေ့မှ စတင်​ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ဇီဝဗေဒဘာသာရပ်နှင့် ဘေဂဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ.ထ.က-ပေါက်တော၊ အ.ထ.က-မြို့မ၊ အ.ထ.က-သဝင်ချောင်း၊ အ.ထ.က-မြင့်ဂါ၊ အ.ထ.က-လက်ပံပြား၊ အ.ထ.က-ကျောက်တောင်နှင့်  အ.ထ.က-ဆင်တက်မော် စာစစ်ဌာနများတွင် စစ်ဆေးလျက်ရှိရာ တာဝန်ကျကြီးကြပ်ရေးမှူးများနှင့် ဆရာ၊ဆရာမများမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့ပြင်မြို့နယ်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် ယနေ့ဇီဝဗေဒဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၅၆)ဦးဖြေဆိုပြီး၊ ပျက်ကွက်သူကျောင်းသား၊ ကျောင်းသူ(၁၁)ဦးရှိရာ၊ ဖြေဆိုသူ ရာခိုင်နှုန်းအားဖြင့် (၉၃.၄၁) ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၈၇၉) ဦးဖြေဆိုပြီး၊ ပျက်ကွက်သူကျောင်းသား၊ ကျောင်းသူ (၁၃၂) ဦးရှိရာ၊ ဖြေဆိုသူရာခိုင်နှုန်းအားဖြင့် (၉၃.၄၄) ရာခိုင်နှုန်းဖြင့် အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)