တောင်ပြိုလက်ဝဲ ဧပြီ ၆
ရခိုင်ပြည်နယ်၊ တောင်ပြိုလက်ဝဲမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဇီဝဗေဒ ဘာသာရပ်နှင့် ဘောဂဗေဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၁၉)ဦး အေးချမ်းစွာဖြင့် ဝင်ရောက် ဖြေဆိုလျက်ရှိသည်။
တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်အား ဝင်ရောက်ဖြေဆိုခွင့် စာရင်းရှိသည့် ကျောင်းသား၊ ကျောင်းသူ(၁၂၅)ဦးရှိသည့်အနက် (၁၁၉)ဦး ဝင်ရောက် ဖြေဆိုကြပြီး ဖြေဆိုပျက်ကွက်သူ(၆)ဦး၊ ဖြေဆိုရာခိုင်နှုန်း(၉၅.၂)၊ ပျက်ကွက် ရာခိုင်နှုန်း(၄.၈)ရှိကြောင်း တောင်ပြိုလက်ဝဲမြို့ ကြီးကြပ်ရေးမှူးထံမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
တောင်ပြို(ပြန်/ဆက်)