ရခိုင်ပြည်နယ်

တပ်တောင်မြို့ စည်ပင်သာယာစျေး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မှ မထိုးနှံရ သေးသည့် စျေးရောင်း၊ စျေးဝယ်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှမထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် စျေးရောင်းသူ များ၊ စျေးဝယ်လာသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်ကို ယနေ့နံနက် (၆) နာရီအချိန်ကစတင်ပြီး တပ်တောင်မြို့ စည်ပင်သာယာစျေးအတွင်း၌ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြေပုံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

ခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒ ဘာသာရပ်အားယနေ့နံနက် ၉ နာရီအချိန်က စတင်ကာ မြန်မာတစ် နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်းဖြေဆိုလျက်ရှိရာ မြေပုံမြို့နယ်အတွင်း စာစစ်ဌာန(၈)ခု၌ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၆၁၇)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ 

ရသေ့တောင်မြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲအား ပဉ္စမနေ့၌ ရူပဗေဒဘာသာရပ် ဆက်လက်ဖြေဆို

မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့ နံနက်(၉)နာရီမှ စတင်၍ တစ်ပြိုင်နက်တည်းကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင်လည်း ကျောင်းသား၊ ကျောင်းသူများက ပဉ္စမနေ့  ရူပဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ပေါက်တောမြို့နယ်ရှိ စာစစ်ဌာန(၇)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ဖြေဆို

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ(၃၁) ရက်နေ့မှ စတင်​ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခု၌ ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ်အား ကျောင်းသား/သူများဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအား စာစစ်ဌာန သုံးခုဖွင့်လှစ်၍ နံနက် ၉ နာရီအချိန်မှ မွန်းတည် ၁၂ နာရီအချိန်ထိ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရူပဗေဒ ဘာသာရပ်အား ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။

ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန (၁၀) ခုတွင် ပဉ္စမနေ့ ရူပဗေဒ ဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများဖြေဆို

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၀)ခုတွင် ယနေ့ နံနက် ၉ နာရီအချိန်က ရူပဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၁၁၆၈) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ဧပြီလပထမအပတ်မှ စတင်ကာ ရပ်ကွက်၊ ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတို့တွင် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင်  တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာ ကျောင်းသား၊ ကျောင်းသူ ၄၆၀ ဦးဖြေဆို

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာ ကျောင်းသား၊ ကျောင်းသူ ၄၆၀ဦးဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ‌ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရေးအတွက် ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၂)ကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့ နေ့လည် ၁ နာရီအချိန် က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်