၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ရမ်းဗြဲမြို့နယ် အတွင်းရှိ စာစစ်ဌာန (၁၀) ခုတွင်ဖြေဆို

ရမ်းဗြဲ ဧပြီ ၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၁၀) ခုတွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဎာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး အေးချမ်းစွာ ဖြေဆိုကြကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန (၁၀) ဖြစ်သော အထက-ရမ်းဗြဲစာစစ်ဌာန၊ အထက-ရမ်းဗြဲ (ပုလုပ်တောင်) စာစစ်ဌာန၊ အထက-ကုန်ဘောင်(၁)စာစစ်ဌာန၊ အထက-မီးကျောင်းတက်စာစစ်ဌာန၊ အထက-ဇရပ်ပြင်စာစစ်ဌာန၊ အထက-ကျောက်တွေစာစစ်ဌာန၊ အထက-ဗောဓိစာစစ်ဌာန၊ အထက-မြေပုံစာစစ်ဌာန၊ အထက-မြေပုံစာစစ်ဌာန၊ အထက-ဦးကာပြင် စာစစ်ဌာနနှင့် အထက-ကျောက်နီ မော်စာစစ်ဌာနတို့တွင် ဇီဝဗေဒဘာသာရပ်ကိုဖြေဆိုရန် (၁၈၇) ဦး စာရင်းပေးသွင်းကြပြီး ဖြေဆိုသူ (၁၇၃) ဦးနှင့် ပျက်ကွက်သူ(၁၄)ဦးရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဘောဂဗေဒသာရပ်တွင် ဖြေဆိုရန် (၁၉၅၀) ဦး စာရင်းပေးသွင်းကြပြီး ဖြေဆိုသူ (၁၇၆၀)ဦး၊ ပျက်ကွက်သူ (၁၉၀) ဦးရှိကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)