ဂွ ဧပြီ ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် လူငယ်များဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေရာသီအခြေခံပန်းချီပညာသင်တန်းကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဂွမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကာ မြို့ပေါ်ရပ်ကွက်များမှ အခြေခံပညာ အလယ်တန်း အဆင့်ကျောင်းသား/သူ (၂၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းမှာ ရက်သတ္တ (၁) ပတ် ကြာမြင့်မည်ဖြစ်သည်။
ရွှေရည်ဝင်းကျော်