ပေါက်တော ဧပြီ ၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး အားကစားဆိုင်ရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါ (Talk Show) ဆွေးနွေးပွဲတွင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဦးမြမင်းထွန်းက လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားလပ်သော အချိန်များတွင် အားကစားကဏ္ဍကို လေ့လာလိုက်စားစေလိုကြောင်း၊ နွေရာသီအားလပ်ရက်ရှည် ကာလ၌ အားကစားသင်တန်းများသို့ တက်ရောက်ပါဝင်ကာ ကျန်းမာကြံခိုင်ပြီး ဉာဏ်ရည် ထက်မြက်ရေးအတွက် အချိန်ကိုအကျိုးရှိရှိ အသုံးချကြစေရေး၊ သို့မှသာ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန် ထက်မြက်သော အားကစားသမားများ ဖြစ်လာမည်ဖြစ်ပါကြောင်း၊ အားကစားနည်းများအလိုက် အခြေခံမှစပြီး သင်ကြားပို့ချသွားမည်ဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် အားကစားစိတ်ဓာတ် ထားရှိခြင်း၊ အားကစားကိုစိတ်ပါဝင်စားစွာ ဆောင်ရွက်ခြင်းမှတစ်ဆင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်များ ဖြစ်လာစေရန်စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်