မြောက်ဦးမြို့တွင် နှစ်သစ်ကူးသင်္ကြန်အကျနေ့ ရေကစားမဏ္ဍပ်များ၌ ပျော်ရွှင်စွာရေကစား

မြောက်ဦး ဧပြီ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ နှစ်သစ်ကူးအတာ သင်္ကြန်အကျနေ့ ရခိုင့်ရိုးရာယဉ်ကျေးမှု ရေကစားမဏ္ဍပ်များတွင် ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရခိုင်ရိုးရာမဟာသင်္ကြန်ကာ၊ သင်္ကြန်အကျနေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေး ရွာများတွင် လည်း ရေကစားမဏ္ဍပ်များဖွင့်လှစ်လျှက်ရှိရာ အဆိုပါ ရေကစားမဏ္ဍပ်များ၌ ပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်းသိရသည်။ ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များရှိ လမ်းများ၊ နေအိမ်များ ရှေ့တွင်လည်း ရေကစားမဏ္ဍပ်ငယ်များဖြင့်လည်း လမ်းသွားလမ်းလာ ပြည်သူများ၊ မော်တော်ယဉ်များ၊ နွားလှည်းများ၊ သုံးဘီးမော်တော် ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ခြင်းနှင့် လူငယ်များမှလည်း လမ်းလျှောက်ကာ လှည့်လည်၍ ရေပက်ခံထွက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)