သံတွဲမြို့၌ သင်္ကြန်အကြိုနေ့တွင် ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ပူဇော်

သံတွဲ ဧပြီ  ၁၄

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ သင်္ကြန်အကြိုနေ့တွင် ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ပူဇော်ခြင်း ကို ယမန်နေ့ နံနက် ၉ နာရီက သံတွခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လှပျိုဖြူ အဖွဲ့များ ပူးပေါင်း၍ သမိုင်းဝင်တန်ခိုးကြီး ရွှေဆံတော်စေတီ၊ ရွှေအံတော်စေတီနှင့် ရွှေနံတော်စေတီများသို့ လှည့်လည်ကာ ရေသပ္ပါယ် ပူဇော်ခဲ့ကြသည်။

ထိုသို့ နှစ်သစ်ကူး အတာသင်္ကြန်ကျရောက်တိုင်း ရခိုင်ပြည်သူများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ မိမိတို့ထံပါးတွင် ကျရောက်လျက်ရှိသည့် ကာယကံ၊ ဝဇီကံ၊ မနောကံတို့ဖြင့် ပစ်မှားခဲ့သော အပျက် တို့ကို ပပျောက်စေရန် ရည်ရွယ်၍ မြတ်စွာဘုရားအား တောင်းပန်ဝန်ချကန်တော့၍ အမွှေးနံ့သာရေ များဖြင့် ရေသပ္ပါယ်ပူဇော်ခဲ့ကြပြီးမှ အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွဲ့ကြကြောင်း ဆရာတော်ကြီးများ၏ ဟော‌ချက်များအရ သိသည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)