မြောက်ဦး ဧပြီ ၁၄
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ယနေ့ နံနက်ပိုင်း မှစ၍ ဘုရား၊ ကျောင်းကန်များနှင့် တရားစခန်းများ သို့သွားရောက်ပြီး အေးချမ်းစွာဖြင့် ဥပုသ်သီလခံယူဆောက်တည် ကုသိုလ်ဒါနပြုလုပ် လျက်ရှိကြောင်းသိရသည်။
အဆိုပါ နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ ဖြစ်သော သျှစ်သောင်း ဘုန်းတော်ကြီးကျောင်း၊ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ ရတနာ့မာရ်အောင် ဘုန်းတော်ကြီးကျောင်း၊ ဇိနမာရ်အောင် ဘုန်းတော်ကြီးကျောင်းနှင့် အခြားသော ဘုန်းတော်ကြီးကျောင်းများသို့ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ သက်ကြီးရွယ်အို အဘိုး/အဘွားများနှင့် ဒေသခံပြည်သူများမှ ဘုရားကျောင်းကန်များသို့ သွားရောက်ပြီး သင်္ကြန်ကာလ အခါသမယ၌ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း၊ ဘာဝနာတရားပွားများခြင်း၊ ကမ္မဋ္ဌာန်း တရားစီးဖြန်းခြင်းများအား စိတ်အေးချမ်း သာယာစွာ ကောင်းမှုကုသိုလ်ပွားများ အားထုတ်လျက်ရှိကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)