သံတွဲ ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ခရစ်နှစ် ၂၀၂၂ ခု နှစ်တွင်ကျရောက်သည့်မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၃နာရီက ရခိုင်ပြည်နယ်သံတွဲမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားသို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင် သာစိန်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ မဟာသင်္ကြန် ပွဲတော်ကျင်းပရေးဦးစီးကော်မတီဝင်များ၊ ယိမ်းအကအဖွဲ့လှပျိုဖြူလေးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ရိုးရာစည်တော်တီးခတ်ခြင်းနှင့် မဟာသင်္ကြန်နိဒါန်းအဖြစ် အောင်ကြောင်းမင်္ဂလာ အစချီသောရတုအား ရွှေတံဆိပ်ဆုရှင် ဒွါရာဝတီစန်းလွင်က သီဆိုပေးခဲ့သည်။ ထို့နောက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ရခိုင်ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားအား မန်းတောင်ရိပ်ခိုတေး သီချင်းအား စုပေါင်းသီဆိုပြီး တာဝန်ရှိသူများက လှပျိုဖြူလေးများအား သပြေခက်ဖြင့်ရေပက်ဖြန်းကာ တစ်ပျော်တစ်ပါး ဖွင့်လှစ်ပေးခဲ့သည်။
ယနေ့မဟာသင်္ကြန်ပွဲတော်အကျနေ့ နံနက်မှစ၍ သံတွဲမြို့နှင့် ငပလီကမ်းခြေတို့တို့တွင် အနယ်နယ်အရပ်ရပ်မှ ခရီသွားဧည့်သည်များ အေးချမ်းသာယာစွာဖြင့် ရေစားအပန်းဖြေအနားယူသူများဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ပျောရွှင်စွာဆင်နွှဲလျက်ရှိကြောင်း သိရသည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)