မာန်အောင် ဧပြီ ၁၅
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ နှစ်သစ်ကူးမဟာသင်္ကြန်အကျနေ့ ယမန်နေ့ နံနက် ၁၀ နာရီမှစ၍ ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်နှစ်သစ်ကူးကာလ သင်္ကြန်အကျနေ့၌ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ရေကစားမဏ္ဍပ်များတွင် ခေတ်ပေါ်တေးဂီတတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ခြင်း၊ သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူများက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် မဏ္ဍပ်များ ဆောက်လုပ်၍လည်းကောင်း၊ နေအိမ်ရှေ့များတွင် ရခိုင်ရိုးရာ ဓနိလက်များဖြင့် မဏ္ဍပ်ငယ်များ ဆောက်လုပ်ပြီး မိသားစုများ၊ အသင်းအဖွဲ့များ၊ မိတ်ဆွေသူငယ်ချင်းများစုပေါင်း၍ လည်းကောင်း၊ ကားများ၊ ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်သူများ၊ လမ်းလျှောက်လာသူများအား ရေပက်ကစားကာ အထူးစည်ကားလျက်ရှိသည်။
မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်အကျနေ့တွင် ရေလောင်း ရေပက်ကစားခြင်းကို မြို့ပေါ်ရပ် ကွက်နေပြည်သူများနှင့် ကျေးရွာနေပြည်သူများက ကားများ၊ ဆိုင်ကယ်များ၊ ထော်လာဂျီများဖြင့် လာရောက်ရေလောင်းရေပက်ခံထွက်ပြီး အေးချမ်းစွာဖြင့် ရေကစားလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)