ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့ ပျော်ရွှင်စွာဆင်နွှဲ

မောင်တော  ဧပြီ  ၁၅

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။

မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့်  မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုလ်မဏ္ဍပ်တွင်လည်း ရိုးရာယဉ်အဖွဲ့များက ကပြဖျော်ဖြေခြင်း၊ တေးသံရှင်များက သီဆိုဖျော်ဖြေခဲ့ကြရာ ပြည်သူများ ပျော်ရွင်စွာပါဝင်ဆင်နွှဲနေကြခြင်း ဖြစ်သည်။ ထို့အပြင်  မြို့နယ်အတွင်းရှိ ဒေသခံပြည်သူလူထုများက မိသားစု၊ သူငယ်ချင်းများစုပေါင်းကာ မော်တော်ယာဉ်၊ ဆိုင်ကယ်များ ဖြင့် ရေပက်ခံထွက်ခြင်း ၊ ပြည်သူများ၏ အိမ်ရှေ့ဘက်တွင် ရေကစားမဏ္ဍပ်ငယ်များတွင်  ရေပက်ကစားခြင်းများကို ပျော်ရွှင်အေးချမ်းစွာဆင်နွှဲလျက်ရှိကြောင်းသိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန် (ပြန်/ဆက်)