မြောက်ဦးခရိုင်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသူ/ကျောင်းသားများကို ဘက်စုံဖွံ့ဖြိုးရေးအတွက် အခမဲ့ ရှေးဦးသူနာပြုစုနည်း သင်တန်းပို့ချ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံ အလယ်တန်းအဆင့်နှင့် အခြေခံအထက်တန်းအဆင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအတွက် ရှေးဦးသူနာပြုစုနည်း သင်တန်းကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် သင်ကြားပို့ချ လျက်ရှိကြောင်း သိရသည်။