ရခိုင်ပြည်နယ် မောင်တောမြို့  ရေရှားပါးသော ရပ်ကွက်များသို့ မီးသတ်ဦးစီးမှူးရုံးမှ သောက်သုံးရေ သွားရောက်လှူဒါန်း

မောင်တော မေ ၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ရေရှားပါလျက်ရှိသော မြို့မတောင်ရပ်ကွက် ၊ဖေဇီရွာရှိ အိမ်ထောင်စုများအတွက်  သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် ခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဆန်းလှိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် (၁)စီးဖြင့် နွေရာသီသောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေ (၈၀၀)ဂါလံ ဆံ မီးငြှိမ်းသတ်ယာဉ်ဖြင့် နှစ်ကြိမ် ရေဂါလံ(၁၆၀၀)ဂါလံ လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)