သံတွဲ မေ ၁
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုစုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် ၁၀နာရီက သံတွဲခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ သံတွဲခရိုင်ပြည်သူ့ဆေးရုံ သွေးလှူဌာန၌ ကျင်းပ ပြုလုပ်သည်။
ထိုသို့သွေးလှူဒါန်းရာတွင် သံတွဲခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ အေသွေး(၃)လုံး၊ ဘီသွေး(၅)လုံး၊ အိုသွေး(၅)လုံး စုစုပေါင်း သွေး(၁၁)လုံး အား အရေးပေါ်သွေးလိုအပ်သောလူနာများ သန့်ရှင်းလတ်ဆတ်သောသွေးဖြင့် ကျန်းမာရေးကောင်းမွန်အောင်ကုသနိုင်ရေးအတွက် စုပေါင်းလှူဒါန်း ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါသွေးလှူဒါန်းပွဲသို့ သံတွဲခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသူရဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးနေလင်းကျော်နှင့်တာဝန်ရှိသူများက သွေးလှူဒါန်းနေသော တပ်ဖွဲ့ဝင်များအား လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားပြီး အားဖြည့်အစားအစာများအား ပေးအပ်လှူဒါန်းခဲ့သည်။
သန့်ဇင်(ခရိုင်ပြန်/ဆက်)