ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ မေလအတွင်း ဝန်အားလျှော့ (Load Shed) ဆောင်ရွက်သွားမည့် အခြေအနေအား  ကြိုတင်အသိပေးကြေညာ

ဂွ   မေ   ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ လျှပ်စစ် ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသိရှိနိုင်စေရန် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၂၂ ခုနှစ်၊ မေလအတွင်း ဝန်အားလျှော့ (Load Shed) ဆောင်ရွက်သွားမည့် အခြေအနေအား 66KV Gwa Substation Facebook Page မှတစ်ဆင့် ကြိုတင်အသိပေးကြေညာထားကြောင်း သိရသည်။

၂၀၂၂-ခုနှစ် မေလ(၁)ရက်နေ့မှ (၃၁)ရက်နေ့ထိ ဂွမြို့နယ်အတွင်းရှိ ဓာတ်အားပေးဧရိယာအားလုံးကို နံနက်  (၀၇:၀၀နာရီမှ  - ၀၉:၀၀ နာရီထိ) (၁)ကြိမ်၊ နေ့လယ် (၁နာရီမှ - ၂နာရီထိ) (၁)ကြိမ်၊ ညနေ(၅နာရီမှ - ည၇နာရီထိ) (၁)ကြိမ် တစ်ရက်လျှင် စုစုပေါင်း (၃)ကြိမ် ဝန်အားလျှော့(Load Shed) ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ဓာတ်အားပြတ်တောက်မည့်အချိန်များသည် ရခိုင်ပြည်နယ်အတွင်း ဝန်အားလျှော့၍ နေ့စဉ်ပုံမှန်ပြတ်တောက်နေမည့် အချိန်များဖြစ်ပြီး ရန်ကုန် LDC မှ အသုတ်ခွဲရုံသို့ တိုက်ရိုက်ညွှန်ကြား၍ အသုတ်-ဂွ 66 KV ဓာတ်အားလိုင်းအား အရေးပေါ်ဝန်အားလျှော့ ပြုလုပ်ခြင်း၊ System breakdown ဖြစ်ပွားခြင်း၊ Line Fault ဖြစ်ခြင်းများကြောင့်လည်း သတ်မှတ်ထားသော ဓာတ်အားပြတ်တောက်ချိန်မဟုတ်သည့် ကြားကာလအချိန်များတွင်လည်း ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပွားနိုင်ကြောင်း ဓာတ်အားခွဲရုံမှူးမှ ပြည်သူသို့သိပေးတင်ပြထားမှုအရ သိရသည်။

ရွှေရည်ဝင်းကျော်