ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် အသိပညာပေး ဗီနိုင်းများစိုက်ထူ

မောင်တော မေ ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက အသိပညာပေး ဗီနိုင်းများစိုက်ထူခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်မီးသတ်ဦးစီးဌာန ရုံးရှေ့တွင် စိုက်ထူခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်နှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်တို့ ဦးစီး၍ ခရိုင်/မြို့နယ် မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များက မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဗီနိုင်း၊ ပိုစတာများ စိုက်ထူပြီး တာဝန်ရှိသူများက အောင်သပြေခက်နှင့် ရေစင်များပတ်ဖျန်းခဲ့ကြသည်။ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ဘုရား၊ စေတီ၊ ပုထိုးများတွင်လည်း ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆက်လက်ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး