စစ်တွေ မေ ၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယနေ့ နံနက်(၉)နာရီချိန်က (၇၆)နှစ်မြောက်မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော် နှင့်အဖွဲ့ဝင်တို့က သွေးအလှူရှင်(၃၀)ဦးတို့အား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါစုပေါင်းသွေးလှူဒါန်းပွဲတွင် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်ရဲမေများ စုစုပေါင်းလူဦးရေ (၃၀)ဦးတို့က ပြည်သူ့ဆေးရုံကြီးရှိလူနာများအတွက် စုပေါင်းသွေးလှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းသွေးအလှူရှင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ကွေကာအုပ်(၁၀)ထုတ်၊ ဓါတ်ဆား(၅)ထုတ်၊ ခေါက်ဆွဲခြောက်(၅)ထုတ်၊ SPEED အချိုရည်(၃)ပုလင်းစီ အား အာဟာရပြည့်စေရေး ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
ဇူလိုင်ကြယ်