ရခိုင်ပြည်နယ်

ပုဏ္ဏားကျွန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်များအတွင်း မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်အတွင်း၌ လှည့်လည်ဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများက  စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတူ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၇ နာရီအချိန်က  စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

မြို့သန့်ရှင်းသာယာလှပရေး တတိယအပတ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြို့သန့်ရှင်းသာယာလှပရေးအပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်ခြင်းကို “ကဆုံလပြည့် ဗုဒ္ဓနေ့” အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် ၇ နာရီမှစတင်၍ သံတွဲမြို့အမှတ် (၄)ရပ်ကွက် သမိုင်းဝင်တန်ခိုးကြီး ဗျာဒိတ်တော်ရ ရွှေဆံတော်စေတီတော် တောင်ခြေတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ ကြသည်။

ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် "မဟာသဒ္ဓမ္မ ဇောတိကဓဇ"ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ ဆရာတော်အရှင်သူမြတ်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာ ခေါင်းတုတ်ဘုန်းတော်ကြီးကျောင်းတိုက်မှ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရတော်မူသော " "မဟာသဒ္ဓမ္မ ဇောတိကဓဇ"ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ ဆရာတော်အရှင်သူမြတ်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ် IDPs စခန်းများ၌ ခိုလှုံနေကြသော ပြည်သူများအား အဋ္ဌမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covaxin) ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းများတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုပြည်သူများအား အဋ္ဌမအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin)ကို ယမန်နေ့နံနက်ပိုင်းက ထိုးနှံခဲ့ကြောင်းသိရသည်။

မြောက်ဦးမြို၌ သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတွင် အသံမစဲပဌာန်းရွက်ဖတ်ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ရခိုင့်ရှေ့ဟောင်းသမိုင်းဝင် ယဉ်ကျေးမှု နယ်မြေအတွင်းရှိ အထင်ကရစေတီ၊ ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲပဌာန်းရွက် ဖတ်ပူဇော်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၈ နာရီအချိန်က သျှစ်သောင်းဘုရားရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအီမြို့တွင် ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော် အနေကဇာတင်ခြင်းနှင့် ထီးတော်တင်မင်္ဂလာ အခမ်းအနားပူဇော်ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ အမှတ်(၄)ရပ်ကွက်၌ တည်ထားကိုးကွယ်သည့် ထူပါရုံ(ငြိမ်းချမ်းရေး)စေတီတော် အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် ထီးတော်တင်မင်္ဂလာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်ပျက်စီးမှုလျော့နည်းစေရန်အတွက် HIA ဆန်းစစ်ချက် သင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ယဉ်ကျေးမှုအမွေအနှစ်များအပေါ် ထိခိုက်ပျက်စီးမှုလျော့နည်း စေရန်အတွက် HIA ဆန်းစစ်ချက် သင်တန်းကို ကြက်ဈေးရပ်ကွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရုံးခန်းမ၌ ယမန့်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်၊၊

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ကျောက်ဖြူမြို့ သူနာပြုနှင့်သားဖွားသင်တန်း ကျောင်းတည်ဆောက်နေမှုနှင့် လေဆိပ်အဆောက်အဦ အကြီးစားပြင်ဆင်မွမ်းမံရန် စီစဉ်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦး ကျော်သူဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့ရှိ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း တည်ဆောက်နေမှုနှင့် လေဆိပ်အဆောက်အဦ အကြီးစားပြင်ဆင်မွမ်းမံရန် စီစဉ်ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)တွင် မောင်မယ်သစ်လွင် အခမ်းအနားကျင်းပ

ကွန်ပျူတာတက္ကသိုလ်(စစ်တွေ၊၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများ၊ ၂၀၂၁-၂၀၂၀ ပညာသင်နှစ် ပဉ္စမနှစ်သင်တန်းများ၏ ပထမနှစ်ဝက်သင်တန်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းများကို ယနေ့ နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်သင်ကြား ပို့ချပါသည်။
Subscribe to ရခိုင်ပြည်နယ်