ရခိုင်ပြည်နယ် မောင်တောမြို့၌ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့် ပြည်သူများက  စုပေါင်းသန့်ရှင်းရေးပြုလုပ်

မောင်တော မေ  ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့၌ သန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတူ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်သူများက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ နံနက် ၇ နာရီအချိန်က  စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးနိုင်အေး၊  မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊  မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူများ အင်အား ၂၀၀ ခန့်က အဖွဲ့ခွဲ၍ ကျောင်းဖွင့်လှစ်လာသည့်အခါ ကျောင်းသန့်ရှင်းသာယာမှုရှိစေရေးအတွက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် မြက်ပင်၊ ပေါင်ပင်၊ ချုံနွယ်များအား သန့်ရှင်းသာယာလှပစေရေးအတွက် ခုတ်ထွင်ရှင်းလင်းပြီး ပလတ်စတစ် အမှိုက်သရိုက်များ ကောက်ယူခြင်း၊ တံမြက် စည်းလှဲခြင်း စသည့်တို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်း စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းကားဖြင့် သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ် ခဲ့ကြပြီး အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 

အောင်ကျော်စိန်၊ သက်လွင်စိုး