မြောက်ဦး မေ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ရခိုင့်ရှေ့ဟောင်းသမိုင်းဝင် ယဉ်ကျေးမှု နယ်မြေအတွင်းရှိ အထင်ကရစေတီ၊ ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲပဌာန်းရွက် ဖတ်ပူဇော်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က သျှစ်သောင်းဘုရားရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် အသံမစဲပဌာန်းရွက်ဖတ်ပွဲသို့ ပင့်ဖိတ်ထားသော ဆရာတော်ရှင်သူမြတ်များ၊ဂေါပကဥက္ကဋ္ဌ ဦးကျော်သိန်း၊ ဂေါပကအတွင်းရေးမှူး ဦးခင်စောမောင်နှင့်ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ တို့တက်ရောက်ကြသည်။ ထိုအခမ်းအနားကို နမောတဿသုံးကြိမ်ရွက်ဆိုဖွင့်လှစ်ပြီး ကြွရောက်လာကြသော ဆရာတော်များထံမှ ဩကာသကထာဖြင့် ဆရာကန်တော်ကြပြီး ဆရာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြ၍ အသံမစဲပဌာန်း ဒေသနာတော်များပွားများ ရွက်ဖတ်ပူဇော်ခြင်းကို မေလ ၁၃ရက်နေ့ မှ မေလ ၁၄ ရက်နေ့အထိ ၂ ရက်တိုင်တိုင် ရွက်ဖတ်ပူ ဇော်သွား မည်ဖြစ်ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)