စစ်တွေ မေ ၁၂
ကွန်ပျူတာတက္ကသိုလ်(စစ်တွေ၊၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် သင်တန်းများ၏ ဒုတိယနှစ်ဝက်သင်တန်းများ၊ ၂၀၂၁-၂၀၂၀ ပညာသင်နှစ် ပဉ္စမနှစ်သင်တန်းများ၏ ပထမနှစ်ဝက်သင်တန်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းများကို ယနေ့ နံနက်ပိုင်းမှစ၍ စတင်ဖွင့်လှစ်သင်ကြား ပို့ချပါသည်။
ထိုသို့ ဖွင့်လှစ်ရာတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသို့ စတင်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား မောင်မယ်သစ်လွင်နေ့ အခမ်းအနားကို ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ စုဝေးခန်းမတွင် ကျင်းပရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာဇော်ထွန်းက ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဘာသာရပ်အသီးသီးမှ ဌာနမှူးများက ဘာသာရပ်အလိုက် မိတ်ဆက်စကားပြောကြားပြီး ဘာသာရပ်အလိုက် ဆရာ၊ ဆရာမ များနှင့် မိတ်ဆက်ပေးကြပါသည်။
ထို့နောက် မောင်မယ်သစ်လွင်များအား Campus Tour အဖြစ် စာကြည့်တိုက်၊ ဘာသာရပ်ဌာနများ၊ Languages Lab၊ FCST Lab၊ Physics Lab နှင့် ကွန်ပျူတာခန်းများအား လှည့်လည်ပြသပြီး ဘာသာရပ်အလိုက် ဆောင်ရွက်ချက်များ၊ Project များအား ပြသခဲ့ပါသည်။
ထို့နောက် Lobby တွင် ကျောင်းသား၊ ကျောင်းသူများ၏ Project များ၊ တက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် ပြပွဲပြိုင်ပွဲများ၊ အခမ်းအနားများကို ခင်းကျင်းပြသထားမှုကို ကြည့်ရှုလေ့လာကာ လက်ဖက်ရည်ဝိုင်းဖြင့် ရင်းရင်းနှီးနှီးနွေးထွေးလှိုက်လှဲစွာ ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။
ပြည်နယ် (ပြန်/ ဆက်)