ကျောက်တော် မေ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာ ခေါင်းတုတ်ဘုန်းတော်ကြီးကျောင်းတိုက်မှ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ် ဆက်ကပ်ခြင်းခံရတော်မူသော " "မဟာသဒ္ဓမ္မ ဇောတိကဓဇ"ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ ဆရာတော်အရှင်သူမြတ်အား ထပ်ဆင့်ချီးကျူးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကစ္ဆပနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားဖွင့်လှစ်ရာတွင် ကြွရောက်တော်မူလာကြသော ဆရာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကြသည် ဆက်လက်ပြီး ကသစ်တောကျောင်းတိုက် မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တသောဘန အရှင်သူမြတ်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည် ဆက်လက်၍ ဆရာတော်ကြီးမှ သြဝါဒကထာ ချီးမြင့်ပူဇော်ခဲ့သည်။
ထို့နောက် ကျောက်တော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်မှ သာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားတင်ပြပြီး မဟာသဒ္ဓဓ္ဓမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တသီလာစာရ (ခေါင်းတုတ်ကျောင်းတိုက်)ဆရာတော်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဆက်ကပ်လှူဒါန်းသည့် ဘွဲ့တံဆိပ်တော်လက်မှတ်အား အမှတ်(၉)စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းမှဆက်ကပ်လှူဒါန်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့မှ ထပ်ဆင့်ဂုဏ်ပြုလွှာအား ဆက်ကပ်လှူဒါန်း ပူဇော်ကြပြီးနောက် တက်ရောက်လာသော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည် ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းပေးဝေကြသည် ပြီးနောက် ၂၀၂၁ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ကျောက်တော်မြို့နယ်မှ စာအောင် သံဃာ(၃)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့မှ စာအောင်အရှင်မြတ်တို့အား စာအောင်လက်မှတ်နှင့်လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ထပ်ဆင့်ချီးကျူးဂုဏ်ပြုပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်လက်မှတ်လှူဒါန်းပွဲ(စူဠဘွဲ့နှင်းသဘင်) အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ကြွရောက်တော်မူလာကြသော ဆရာတော်အရှင်သူမြတ်များနှင့်စာအောင်အရှင်မြတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ခင်မောင်ထွန်း
မြို့နယ်(ပြန်/ဆက်)