ရခိုင်ပြည်နယ်

ပေါက်တောမြို့နယ် IDPs စခန်းများ၌ ခိုလှုံနေကြသော ပြည်သူများအား အဋ္ဌမအသုတ် (ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Covaxin) ထိုးနှံ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်ရှိ IDPs စခန်းများတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား အဋ္ဌမအသုတ်(ဒုတိယ)အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin)ကို ယမန်နေ့နံနက်ပိုင်းက ထိုးနှံခဲ့ကြောင်းသိရသည်။

စစ်တွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်  ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစတင် အပ်နှံလက်ခံခြင်းဆောင်ရွက်

စစ်တွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို ယနေ့နံနက်ပိုင်းက စတင်ကာ ကျောင်းအပ်လက်ခံလျက် ရှိကြောင်းသိရသည်။

မြေပုံမြို့ Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြေပုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (TalkShow) ပြုလုပ်ဆောင်ရွက်ခြင်းကို မေ ၁၃ ရက်နေ့ ညနေ(၄)နာရီအချိန်က မီးသတ်ဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။

မအီမြို့တွင် လောကမာရ်အောင်စွယ်တော်မြတ်စေတီတော် ထီးတော်တင်မင်္ဂလာအခမ်းအနား ပူဇော်ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးဒါနပြု၍ ၇ ရက်သားသမီးများ၏ ကောင်းမှုအလှူတို့ဖြင့် မအီမြို့၊ စစ်ခေါ်တောင်တည်ရှိရာ စစ်ခေါ်ကွင်းအရပ်၌ တည်ထားကိုးကွယ်သည့် မာရ်ငါးပါးစေတီတော်များအနက်မှ လောကမာရ်အောင်စွယ်တော်မြတ်စေတီတော် ထီးတော်တင်မင်္ဂလာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသော ပြည်သူများအား ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ရခိုင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးကျော်သူရ၊ အတွင်းရေးမှူး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဒေသစားသုံးဆီဖူလုံရေးအတွက် ကျောက်ဖြူခရိုင်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ၊ MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် ဒေသစားသုံးဆီဖူလုံရေးအတွက် ကျောက်ဖြူခရိုင်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များ၊ MSMEs လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် ယမန်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရိပ်သာရှိအစည်းအဝေး ခန်းမ၌ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ကျောက်ဖြူမြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲပြုလုပ်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများသည် ယမန်နေ့ မွန်းလွဲပိုင်းက စေတီယျရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ) ကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ကျောက်ဖြူမြို့တွင် အခြေခံပညာမူလတန်းအဆင့် သင်ရိုးသစ်(Grade-5)  မြို့နယ်အဆင့် (Face to Face)ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ အခြခံပညာကျောင်များမှ ဆရာ၊ ဆရာမများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မူလတန်းအဆင့် သင်ရိုးသစ် (Grade-5) မြို့နယ်အဆင့် (Face to Face) ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်၌ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ ၂၀၂၂ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ရမ်းဗြဲမြို့နယ် ဝန်ဖိုက်ဒီရေတော၊ ဝန်ဖိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ်(၁)တွင် စိုက်ပျိုးခဲ့ကြပါသည်။
Subscribe to ရခိုင်ပြည်နယ်