စစ်တွေ မေ ၂၄
ရခိုင်ပြည်နယ်အမျိုးသမီးရေးရအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့တို့ပူးပေါင်း၍ စစ်တွေမြို့ပေါ်ရှိ သီလရှင်စာသင်တိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက်ဖွယ်ရာများလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမ္ဗာရာမသီလရှင်စာသင်တိုက်၌ကျင်းပရာ ရခိုင်ပြည်နယ်အမျိုးသမီးရေးရအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်နှင့် ရခိုင်ပြည်နယ်အမျိုးသမီးရေးရအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်သိန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာအခမ်းအနားကို တက်ရောက်လာကြသော သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် ရခိုင်ပြည်နယ်အမျိုးသမီးရေးရအဖွဲ့နာယကအမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး စစ်တွေမြို့၊ အမ္ဗာရာမ သီလရှင်စာသင်တိုက် ဆရာကြီး ဂန္ထဝါစကပဏ္ဍိတ ဒေါ်အဂ္ဂစာရီထံမှ ရခိုင်ပြည်နယ် အမျိုးသမီးရေးရအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ် အမှူးပြုသော ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်ပြီး ရခိုင်ပြည်နယ်အမျိုးသမီးရေးရအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်နှင့် ရခိုင်ပြည်နယ်အမျိုးသမီးရေးရအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်သိန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက စစ်တွေမြို့အတွင်းရှိ သီလရှင်စာသင်တိုက် (၈) ကျောင်းအား ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းကြသည်။
ထို့နောက် သီလရှင်ဆရာကြီး၊ ဆရာလေးများက ပရိတရားတော်များချီးမြှင့်တော်မူပြီး အမ္ဗာရာမသီလရှင်စာသင်တိုက် ဆရာကြီး ဂန္ထဝါစကပဏ္ဍိတ ဒေါ်အဂ္ဂစာရီမှ လှူဒါန်းမှုအစုစု အတွက် အနုမောဒနာတရားချီးမြှင့်၍ ရေစက်သွန်းချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)