ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
MSME လုပ်ငန်းကော်မတီကကြီးမှူး၍ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကို ဖေဖော်ဝါရီလအတွင်း နေပြည်တော်၊ တပေါင်းကွင်းတွင် ကျင်းပသွားမည်ဖြစ်ရာ ရခိုင်ပြည်နယ်မှ အဆိုပါပြပွဲတွင် ပါဝင်ပြသနိုင်ရေး MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။