မင်းပြား ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်အဖွဲ့သည့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က (မိုခါ)မုန်တိုင်း တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် မင်းပြားမြို့နယ် ကင်းဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ကွင်းဆင်းကာကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကြသည်။
အဆိုပါဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းပြားမြို့နယ် ကင်းဆိပ်ကျးရွာဘုန်းတော်ကြီးကျောင်းများ၌ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကာ မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက မင်းပြားမြို့နယ်အတွင်း (မိုခါ)မုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးနေမှုများနှင့် ကျေးရွာ၏လိုအပ်ချက်များအား ဆွေးနွေးကြရန်မှာကြားခဲ့သည်။
ဆက်လက်ပြီး စိုက်ပျိုးရေးဦးဌာနက (မိုခါ)မုန်တိုင်းတိုက်ခတ်ဒဏ်ခံခဲ့ရသည့် တောင်သူများအတွက် အထွက်နှုန်းကောင်းသော မျိုးစပါးအားဖြန့်ဝေ ပေးနေမှုများနှင့် ဌာနဆိုင်ရာအလိုက် ကျန်းမာရေး၊ ပညာရေး၊ မွေးမြူရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေနွေးတင်ပြကြပြီး ကျေးရွာသူ၊ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြပြီး မြို့နယ်တိုင်းရင်းဆေးဌာနက တိုင်းရင်းဆေးများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
သိန်းနုအောင်