ရခိုင်ပြည်နယ် မောင်တောမြို့၌ သုံးမိုင်လူငယ်ဖွံ့ဖြိုး ရေး ပရဟိတ ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား  ကျန်းမာရေး စောင့်ရှောက်မှုပေး

မောင်တော  ဇူလိုင် ၂၈

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက သုံးမိုင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား   ယမန်နေ့  နေ့လယ် ၂ နာရီအချိန် အဆိုပါကျောင်းတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြသည်။

ထို့သို့ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး  ဒေါက်တာနုကေသီစံ ဦးဆောင်၍  ဒေါက်တာထင်ကျော်မင်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက သုံးမိုင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၇၀ ဦးခန့်အား အသက်အရွယ်အလိုက် သင့်တော်သော ကျန်းမာရေး ပညာပေးခြင်း ၊ မျိုးဆက်ပွားကျန်းမာရေးနှင့် သွေးလွန်တုပ်ကွေးကာကွယ်ရေး၊ မှန်ကန်သော သွားကျန်းမာရေး စောင့်ရှောက်မှုအကြောင်း၊ အာဟာရဖွံ့ဖြိုးရေး တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် သံကောင်ရောဂါအကြောင်း ၊ သွားနှင့်ခံတွင်းကျန်းမာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး ၊ အာဟာရဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများအား  ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ၊ အောင်ကျော်စိန်(ပြန်/ဆက်)