ကျောက်တော်မြို့ ပရိယတ္တိကျောင်းတိုက်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကျောက်တော် ဇူလိုင် ၂၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် မြို့သစ်ရပ်ကွက်အတွင်းရှိ ပရိယတ္တိကျောင်းတိုက်၌ ယနေ့နံနက်၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းပြီး အဆိုပါ ကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ကျောက်တော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပရိယတ္တိ‌ကျောင်း တိုက်အတွင်း စုပေါင်းသန့်ရှင်းရေး သွားရောက်ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ပရိယတ္တိကျောင်းတိုက်အတွင်းရှိ အမှိုက်သရိုက်များ၊ ခြုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်များအား စုပေါင်း ခုတ်ထွင်ရှင်းလင်းခြင်း၊ ရှင်းလင်းပြီးသော အမှိုက်သရိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် စနစ်တကျ သိမ်းဆည်းခြင်းများအား စုပေါင်းဆောင်ရွက်ခဲ့ကြပြီးနောက်  စုပေါင်းသန့်ရှင်းရေး လာရောက်ကူညီဆောင်ရွက်ကြသူများအား လက်ဖက်ရည်နှင့် မုန့်များ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း