အမ်း ဇူလိုင် ၂၈
ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်၌ ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အသိပညာပေး ဟောပြောပွဲကို အောက်ရွာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နေလည်အချိန်တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းသီရိကျော်၊ ဒေါ်ဂျူးဂျူးလွင်၊ ဦးဉာဏ်ထွန်းတို့မှ အောက်ရွာကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ပြည်သူများ တရားဥပဒေ ကိစ္စရပ်များနှင့် ကြုံတွေ့လာပါက အခက်အခဲများအား ရင်ဆိုင်ဖြေရှင်နိုင်ရန် ပြည်သူများ သိသင့်သိထိုက်သော ဥပဒေဆိုင်ရာအကြောင်း အရာကိစ္စရပ်များနှင့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ရာ ပြည်သူများက သိရှိလိုသည်များအား မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ ဖြေကြားရှင်းလင်းခဲ့ကြကြောင်း သတင်းရသည်။
မြို့နယ်(ပြန်/ဆက်)