ပေါက်တော ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၊ အ.ထ.က-ပေါက်တောမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စံလှဝင်းဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စုပေါင်း၍ ယနေ့နံနက်(၈)နာရီအချိန်က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အဆိုပါကျောင်း၏ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းတိုက်များမှ ပင့်သံဃာတော်(၅)ပါးတို့နှင့် ကျောင်းကော်မတီဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် သာသနာ့ဟိတကာရီကျောင်းတိုက် ဩဝါဒစရိယဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးထံမှ အနုမောဓနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များအား ဘောဇဥ်အာဟာရများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)