ရခိုင်ပြည်နယ်

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ PowerDirector Software ဖြင့်  VIDEO တည်းဖြတ်နည်း သင်တန်း ဖွင့်လှစ်

သံတွဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ နည်းပညာများကို ကျွမ်းကျင်စွာတတ်မြောက်ပြီး လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် PowerDirector Software VIDEO တည်းဖြတ်နည်း သင်တန်းကို ယနေ့နံနက် ၉ နာရီက သံတွဲခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

ရသေ့တောင်မြို့၌ တက္ကသိုလ်အသီးသီးသို့ တက်ရောက်ရန် ဝင်ခွင့်လျှောက်ထားသူများဖြင့်စည်ကား

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ‌ ဖြေဆိုအောင်မြင်ပြီးသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန်အတွက် မိမိတို့စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ကြီးများထံတွင် အမှတ်စာရင်း၊ အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်၊ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရမည့်ပုံစံ စာအိတ်ကို ဩဂုတ်လ(၂၅)ရက်နေ့မှ စက်တင်ဘာ(၁၀)ရက်နေ့ထိ ပိတ်ရက်မရှိလက်ခံလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်ဖြူမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ခရိုင် အဆင့်) ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု (ခရိုင်အဆင့်)အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးခရိုင်အဆင့် ပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ဂွမြို့နယ်၌ မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားအားတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာအုပ်စု၊ ရဟိုင်ကွင်းကျေးရွာ၊ ကွင်းအမှတ် ၂၉၇ တွင် ယနေ့နံနက်ပိုင်း ၈ နာရီအချိန်က မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းကြည့်ရူအားပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်ပို့ချပေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ  ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်မှ စ၍ ငါးခူရကျေးရွာတွင် ဖွင့်လှစ် ပို့ချပေးလျက်ရှိသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားပေါက်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသအတွင်း ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ‌ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး၊ လူမှုစီးပွားဘဝမြင့်မားလာစေရေး၊ ဝင်ငွေပိုမိုရရှိနိုင်ရေးအတွက် အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားပေါက်ခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျဘက်ကံပြင်ကျေးရွာရှိ ရေချိုငါးသားပေါက်စခန်းစခန်းရုံး၌ ပြုလုပ်ခဲ့သည်။

မာန်အောင်မြို့နယ်တွင်(ဆဋ္ဌမ)အကြိမ်​မြောက်နိုင်ငံတော်ဘာသာနေ့နှင့် မေတ္တာအခါတော်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့်ဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်(ဆဋ္ဌမ)အကြိမ်မြောက် နိုင်ငံတော်ဘာသာနေ့နှင့် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ အထိမ်း အမှတ်အခမ်းအနားနှင့် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စေတနာရှင် လူမှုကူညီရေးအသင်း(နာရေး)မှ ဦးဆောင်၍ ယနေ့မွန်းလွဲ၁နာရီက မြို့နယ်ခန်းမတွင် ကျင်းပခဲ့သည်။

သံတွဲမြို့ အ-ထ-က(၂)၌ လူငယ်စကားဝိုင်းကျင်းပ

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်“လူငယ်နှင့်နည်းပညာ” လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၉အုပ်စုမှ  ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်) လများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်