သံတွဲမြို့ အ-ထ-က(၂)၌ လူငယ်စကားဝိုင်းကျင်းပ

သံတွဲ  ဩဂုတ် ၃၁

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်“လူငယ်နှင့်နည်းပညာ” လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာကြည်က “လူငယ်စကားဝိုင်း” ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်မွန်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ အထက်တန်းပြဆရာမ ဒေါ်သိမ့်သိမ့်စိုးက ဦးဆောင်၍ စက်မှု၊ စိုက်ပျိုး၊မွေးမြူရေး ကျောင်းမှ စက်မှုကျောင်းသား မောင်ကိုဇင်မင်းနှင့် မလင်းသူခိုင်တို့က လူငယ်နှင့်နည်းပညာဆိုင်ရာများဖြစ်သည့် “AI”နည်းပညာအကြောင်းသိကောင်းစရာများ၊ စိုက်ပျိုးရေး ကျောင်းသား မောင်အောင်ဇင်ဖြိုးက “စိုက်ပျိုးရေးနည်းပညာ”ဆိုင်ရာသိကောင်းစရာများနှင့် မွေးမြူရေး ကျောင်းသူ မရွှန်းလဲ့ဝေက မွေးမြူရေးနည်းပညာဆိုင်ရာ ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက ဆွေးနွေးမှုများအပေါ်အပြန်အလှန် ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်စာစောင်များကို အခမ်းအနားတက်ရောက်လာကြသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသားသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းကို လူငယ်များအသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင် ကောင်းများရရှိစေရန်၊ အနာဂတ်ရဲ့ သားကောင်းရတနာလေးများဖြစ်သည့်လူငယ်များအတွက် အသိပညာ၊ အတတ်ပညာသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ အစရှိတဲ့ဗလငါးတန် ပြည့်စုံနိုင်ရေးတို့အတွက် ရည်ရွယ်၍ ယခုလိုစကားဝိုင်းများကို ကျင်းပပေးခြင်းဖြစ်သည်။

သန့်ဇင်(ခရိုင်ပြန်/ဆက်)