ရခိုင်ပြည်နယ်

ကျောက်ဖြူမြို့ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြော

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် ငလပွေ့ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ပြီး  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်သည်။

တောင်ကုတ်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအမှုထမ်းများငွေစု၊ ငွေချေးသမဝါယမ အသင်း(လိမိတက်)အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် အစိုးရအမှုထမ်းငွေစုငွေချေး သမဝါယမအသင်း (လိမိတက်) ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ဂွမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ်  ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က စတင်၍ ညောင်ဝိုင်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းတွင်  ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ မောင်တောမြို့၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့ နံနက် ၇ နာရီအချိန် မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ပင်လောင်းမြို့နယ်တွင်  ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့် ပညာရေး B.ed(စစ်ကိုင်း) အတွက် သင်တန်းဝင်ခွင့် စာမေးပွဲဖြေဆို

​ပြ​ည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည် ဖွံဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)နှင့်  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ပညာရေး B.ed (၅)နှစ်သင်တန်း အမှတ်စဥ်(၁၁) အတွက်သင်တန်းဝင်ခွင့် ​ရေဖြေစာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်လောင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ကျိုင်းတုံခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာ ခန်းမ၌ ကျင်းပခဲ့သည်။         

ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၈ ရက်နေ့တွင် ကျရောက် သော နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန် အ.ထ.က(၁) အခြေခံပညာ အထက်တန်းကျောင်းခန်းမ တွင်ပြုလုပ်ခဲ့ကြသည်။

မာန်အောင်မြို့နယ်အ-မ-က တန်လှောင်ကုန်းတွင်(၈၄)နှစ်မြောက် ဆရာတော်ဦးဥတ္တမအောက်မေ့ဖွယ်နေ့ အထိမ်းအမှတ် အင်္ဂလိပ်စကား ပြောစွမ်းရည်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် သစ်ဝအုပ်စု၊အ-မ-က တန်လှောင်ကုန်း ကျောင်းတွင်၂၀၂၃-ခုနှစ် စက်တင်ဘာလ(၉)ရက်နေ့တွင် ကျရောက်သည့်(၈၄)နှစ်မြောက် ဆရာတော်ဦးဥတ္တမအောက်မေ့ဖွယ်နေ့အထိမ်းအမှတ် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။

မြောက်ဦးမြို့၌ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊ စစ်ကိုင်း)နှင့် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) တက်ရောက်ရန်အတွက် ရေးဖြေစာမေးပွဲဖြေဆို

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်း သားလူမျိုးများစွမ်းရည် ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ် (ရန်ကုန်၊စစ်ကိုင်း) နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) (၅)နှစ် သင်တန်း၊ အမှတ်စဉ် (၁၁) သို့တက် ရောက်ရန်အတွက် ရေးဖြစာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ထမ္မရာဇ် ရပ်ကွက် အ.ထ.က (ခွဲ) (အ.လ.က-၃) ကျောင်းစစ်ဆေးခဲ့ရာ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ သန့်ရှင်းသာယာလှပရေးအတွက်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့သန့်ရှင်း သာယာလှပရေးအတွက်  စစ်တွေမြို့၊ ခုတင်(၅၀၀) ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုအားပေးကြသည်။
Subscribe to ရခိုင်ပြည်နယ်