ကျိုင်းတုံခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကျိုင်းတုံ စက်တင်ဘာ ၁၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် (၂)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စည်ပင်သာယာ ခန်းမ၌ ကျင်းပခဲ့သည်။         

ပြိုင်ပွဲတွင် အခြေခံပညာအဆင့် ကဗျာလွတ်(၁၆)ဦး အဖွဲ့လိုက်အကပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း စန္ဒရားအတီးပြိုင်ပွဲ၊  မဟာဂီတတေးသီချင်း အဆိုပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့် အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်‌ရေးတေးသီးချင်း အဆိုပြိုင်ပွဲ၊ ခေတ်ဟောင်းကာလပေါ် တေးသီချင်းအဆိုပြိုင်ပွဲနှင့် ဝါသနာရှင်အဆင့်(ဒုတိယတန်း) ခေတ်ဟောင်းကာလပေါ် တေးသီချင်းအဆိုပြိုင်ပွဲများကို ခရိုင်အတွင်း အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်ပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် ဝါသနာရှင်အဆင့် (ဒုတိယတန်း)များ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)