ရခိုင်ပြည်နယ်

မြောက်ဦးမြို့၌ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ စားသုံးရန်မသင့်သော အစားအသောက်များ ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့မဈေးအတွင်းရှိရောင်းချနေသော ကုန်စုံဆိုင်များများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် စစ်တွေတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် စစ်တွေတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်၊ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ်နှင့် စစ်တွေမြို့ပေါ်ရှိ အခြေခံ ပညာကျောင်းများသို့ သွားရောက်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံသည်။

စစ်တွေခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဆုရရှိသူများအား ကြိုဆို

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ကျင်းပသည့် ခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲ၌ ရသေ့တောင်မြို့နယ် ကိုယ်စားပြု ဆုရရှိသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရွှေပြည်တန် ဆိပ်ကမ်းတွင် ကြိုဆိုခဲ့ကြသည်။

ပေါက်တောမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေ ပေးအပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မြောက်ဦးမြို့၌ လိုင်စင်ရ နိုင်ငံခြားအရက်၊ဘီယာဆိုင်များ ခွင့်ပြုလိုင်စင်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လိုင်စင်ရ နိုင်ငံခြားအရက်၊ ဘီယာဆိုင်များကို ခွင့်ပြုလိုင်စင်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နေ့လယ် ၁ နာရီအချိန်က မြို့မဈေးအတွင်း၌ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

မာန်အောင်မြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်အောင်မြင် စေတီတော်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်အလှူငွေများပေးအပ်

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် (၅၉)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ယနေ့နံနက် ၈နာရီအချိန်က ရန်အောင်မြင် စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ဂွမြို့နယ်တွင် စာဖတ်ဝိုင်း ပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများ ပါဝင်သည့် Youth Club အဖွဲ့ဝင်များက ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ချွေးနဲ့သွေးနဲ့ရေးခဲ့" စာအုပ်ဖြင့် ယနေ့ မွန်းလွဲ ၁ နာရီ၌ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက် ခဲ့သည်။

ဂွမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးရန် အသိပေးရှင်းလင်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် (၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ အခမ်း အနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တောင်ပြိုလက်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီအချိန်က တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာအထက်တန်း ကျောင်းခမ်းမ၌ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ဝန်ကြီးများ အမ်းခရိုင်/အမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ဆောင်ရွက်ရန်လို အပ်ချက်များအားလှည့်လည်ကြည့်ရှု  စစ်ဆေးခဲ့ကြကြောင်းသိရသည်။
Subscribe to ရခိုင်ပြည်နယ်