စစ်တွေခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ ဆုရရှိသူများအား ကြိုဆို

ရသေ့တောင်   စက်တင်ဘာ   ၁၂

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ကျင်းပသည့် ခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲ၌ ရသေ့တောင်မြို့နယ် ကိုယ်စားပြု ဆုရရှိသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများက ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရွှေပြည်တန် ဆိပ်ကမ်းတွင် ကြိုဆိုခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် ရသေ့တောင်မြို့နယ်က ပြိုင်ပွဲဝင်အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဝါသနာရှင်ပထမတန်းအဆင့် (အမျိုးသား) ခေတ်ဟောင်းတေး၊ ကာလ ပေါ်တေးတွင် အဆိုရှင် ဦးထွန်းဝေက ဒုတိယဆုကိုလည်းကောင်း၊ ဝါသနာရှင် (ဒုတိယတန်း)  အဆင့်တွင် ဦးဇေယျာထွန်းက ပထမဆုကိုလည်းကောင်း၊ (အသက်၁၅နှစ်မှ၂၀နှစ်) အမျိုးသား ခေတ်ဟောင်းကာလ ပေါ် တေးသီချင်းများဖြင့် အဆိုရှင်မောင်သန့်ဇင်ဦးက ဒုတိယဆုနှင့် ဝါသနာရှင် ဒုတိယတန်းအဆင့် (အမျိုးသား) ခေတ်ဟောင်းတေး/ကာလပေါ် တေးတွင် အဆိုရှင်ဦးသန်းလှိုင်က ဒုတိယဆုကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို  မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လကဏာများ မပျောက်ပျက်စေရန်နှင့် တိုင်းရင်း သားစည်းလုံး ညီညွှတ်မှုရှိစေရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းသိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)