တောင်ပြိုလက်ဝဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ

တောင်ပြိုလက်ဝဲ  စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီအချိန်က တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာအထက်တန်း ကျောင်းခမ်းမ၌ ကျင်းပခဲ့သည်။

 ရှေးဦးစွာ အထကကျောင်းဆရာတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးသိန်းနိုင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် ဟော ပြောရာတွင် ကျောင်းသား၊ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် သုတ၊ ရသစာအုပ် စာပေများကိုလည်းဖတ်ရှုရန် လိုအပ်ပါကြောင်း၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အသိပညာဗဟုသုတများရရှိစေမည့် စာအုပ်၊စာစောင်များကို အခမဲ့ငှားရမ်း ဖတ်ရှုနိုင်ကြောင်း အသိပညာပေးဆွေးနွေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေးစာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)