အမ်း စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ဆောင်ရွက်ရန်လို အပ်ချက်များအားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များလိုက်ပါ၍ အမ်းမြို့နယ်အတွင်းရှိ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၉၄၈.၈၀၀ ကျပ်ဖြင့် Arakan Universe Co..Ltd မှတာဝန်ခံ တည်ဆောက်လျက်ရှိသည့် အမှတ်(၁)အ.ထ.က စက်မှုစိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း RCC သုံးထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့သွား ရောက်ခဲ့ပြီး တည်ဆောက်ရေးကိစ္စများနှင့်ပတ်သက်၍ ဆောက်လုပ်ရေး တာဝန်ခံများနှင့်တွေ့ဆုံကာ RCCသုံးထပ် ကျောင်းဆောင်သစ်အား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်အရည်အသွေးများ ပြည့်မီစေရေး သတ်မှတ်အချိန်ကာလ၌ ပြီးစီးရေးတို့အား လမ်းညွှန်မှာကြားကာ ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအားလှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့သည်။
ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် အမ်းမြို့မြို့မစျေးဆောက်လုပ်မည့် မြေနေရာသို့သွားရောက်ခဲ့ပြီး မြို့မစျေးအား BOT စနစ်ဖြင့်တည်ဆောက်မည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မြို့မစျေးဆောက်လုပ်မည့်ကိစ္စနှင့်ပတ်သက်၍ လမ်းညွှန်မှာကြား၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်မြစ်ရေတင်စီမံကိန်းဖြင့် စပါးနှင့်ဆောင်းသီးနှံများသီးထပ်သီး ညှပ်စိုက်ပျိုးဆောင်ရွက်မည့် အမ်းမြောက်ကျေးရွာအုပ်စု ဆူးပုတ်ပျဥ်းတောကျေးရွာသို့သွားရောက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မြစ်ရေတင် စီမံကိန်းဆောင်ရွက်ရန်လိုအပ်ချက်များနှင့်ပတ်သက်၍ စိုက်ပျိုး ရေးလုပ်ငန်းများကို လုပ်ချင်ကိုင်ချင်သည့် စိတ်ဓတ်များရှိစေရန်၊ သီးနှံစိုက်ပျိုးပါက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ကို အကျိုးရှိရှိသုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နည်းစနစ်များမှန်ကန်ရေး၊ သီးနှံပင်များအားစိုက်ပျိုးဆောင် ရွက်မည့်အစီအစဉ်များကို ကြို တင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အေးချမ်းတည်ငြိမ်မှုရှိမှ ကျေးရွာဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လျှပ်စစ်မြစ်ရေတင်စီမံကိန်း ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှု၍ လိုအပ် ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)