ဂွ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများ ပါဝင်သည့် Youth Club အဖွဲ့ဝင်များက ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် "ချွေးနဲ့သွေးနဲ့ရေးခဲ့" စာအုပ်ဖြင့် ယနေ့ မွန်းလွဲ ၁ နာရီ၌ စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက် ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိ ပြီး အသိပညာ ဗဟုသုတများ တိုးပွားလာခြင်း၊ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်မှုများ ရရှိလာခြင်း၊ စာပေအကြောင်းအရာများကို တစ်ဦးနှင့်တစ်ဦး ဖလှယ်နိုင် ပြီး စာပေအကျိုးကျေးဇူးကို ရရှိခံစားနိုင်စေခြင်းစသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Youth Club အဖွဲ့ဝင်များက" သွေးနဲ့ချွေးနဲ့ရေးခဲ့" စာအုပ်တွင် ပါရှိသည့် "အကောင်းမြင်အတွေး၊ သူစိမ်းမှ ချစ်မိတ်ဆွေဘဝ၊ စိတ်ကောင်းရှိဖို့ကပထမ" စသည့်ဆောင်းပါး အကြောင်းအရာများကို တစ်ဦးချင်းစီ ခြုံငုံဖတ်ကြားခဲ့ကြပြီး ဆောင်းပါး အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် ဒုတိယဦးစီးမှူးက ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်