မြောက်ဦးမြို့၌ လိုင်စင်ရ နိုင်ငံခြားအရက်၊ဘီယာဆိုင်များ ခွင့်ပြုလိုင်စင်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

မြောက်ဦး စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ လိုင်စင်ရ နိုင်ငံခြားအရက်၊ ဘီယာဆိုင်များကို ခွင့်ပြုလိုင်စင်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နေ့လယ် ၁ နာရီအချိန်က မြို့မဈေးအတွင်း၌ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပိုင်ထက်အောင် ဦးဆောင်၍ ဒုရဲအုပ် တင်မောင်ဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးမောင်မောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ ဦးစီးမှူး ဦးမောင်မောင်နှင့် စစ်ဆေးရေးအဖွဲ့ဝင်များက မြောက်ဦးမြို့နယ် အတွင်းရှိ လိုင်စင်ရ နိုင်ငံခြားအရက်နှင့် ဘီယာဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချ ခြင်း ရှိ/မရှိ နှင့်ဈေးနှုန်းမှန်ကန်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်စိုး  (ပြန်/ဆက်)