မာန်အောင်မြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်အောင်မြင် စေတီတော်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်အလှူငွေများပေးအပ်

မာန်အောင်   စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ် မာန်အောင်မြို့၌ ၂၀၂၃-ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် (၅၉)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ယနေ့နံနက် ၈နာရီအချိန်က ရန်အောင်မြင် စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သန်းဝင်းဦးဆောင်၍  ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မောင်မောင်ဖြူ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးထွန်းနိုင်နှင့် ပူးပေါင်းရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင် ရဲမေများက (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်အောင်မြင် စေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်စေရန်အတွက် စေတီတော်ဝင်းအတွင်း/အပြင်ရှိ အမှိုက်သရိုက်များအား ကောက်ယူခြင်း၊ မြက်ပင်၊ ပေါင်းပင်ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော် ရင်ပြင်အား တံမြက်စည်းလှဲခြင်းစသည့် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြပြီး ရန်အောင်မြင်စေတီတော်အား ဘက်စုံပြုပြင်ထိမ်းသိမ်းနိုင်ရေးအတွက် ဂေါပကအဖွဲ့အား အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)