ရခိုင်ပြည်နယ်

ရမ်းဗြဲမြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့မွန်းလွဲပိုင်းအချိန်က စားသုံးဆီများကို သက်သာသော ဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။

အခမ်းအနားမှူးတာဝန်ကို စနစ်တကျ ဆောင်ရွက်တတ်စေရန် ဘူးသီးတောင်မြို့နယ်တွင် အခမ်းအနားမှူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်သင်ကြား

ဝန်ထမ်းများ အခမ်းအနားမှူးအဖြစ် တာဝန်ထမ်းဆောင်ရာတွင် စနစ်တကျ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ အခမ်းအနားမှူးသင်တန်းအမှတ်စဉ် (၁/၂၀၂၃)ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ရသေ့တောင်မြို့၌ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရ‌သေ့တောင်မြို့၌ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက်(၂)လမှ (၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က မိခင်နှင့်ကလေးကျန်းမာရေးဌာနက ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

ပေါက်တောမြို့နယ် တောင်ချောင်(ရွာသစ်) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရာ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် ဆောင်ရွက်သည့် မြင့်ဂါအုပ်စု တောင်ချောင်(ရွာသစ်) ကျေးရွာ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့် တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

နောင်ချိုမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  ရပ်ကွက်၊ ကျေးရွာများရှိ  အသက်(၂)နှစ်အောက် ကလေးငယ်များအား တစ်လ တစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင်  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြေပုံမြို့၌ မျက်စိဝေဒနာရှင်များအား (အခမဲ့)ဆေးကုသပေးခြင်းနှင့် မျက်မှန်များ တပ်ဆင်လှူဒါန်းပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ နယ်မြေခံတပ်နယ်မှဆေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ မျက်စိဝေဒနာရှင်များအား (အခမဲ့)ဆေးကုသပေးပြီး မျက်မှန်တပ်ဆင်လှူဒါန်းပေးလျက်ရှိသည်။

ဘူးသီးတောင်မြို့၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင်ပါဝင်သော ဌာနဆိုင်ရာတာဝန်ခံများ၊ အများယုံကြည်လေးစားခြင်းခံရသော ပြည်သူများနှင့် ပူးပေါင်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နေလည်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အလံတင်အခမ်းအနားပြုလုပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၉)ဦးအားလွှဲပြောင်း

ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၏ ကွပ်ကဲမှုဖြင့် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်နှင်လွှဲပြောင်း/လက်ခံမှု ဆောင်ရွက်ကြရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၉)ဦးအား လွှဲပြောင်း လက်ခံရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်တပ်ရင်း ၊ တပ်ရင်းမှူး Lt.Col Md Mohiuddin Ahmed, BGBMS,Commanding Officer,Tenaf Battalion ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော အဖွဲ့သည် အောက်တိုဘာ ၃ ရက် နံနက် (၁၀:၄၅)အချိန် Speed Boat (၂)စီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများတင်ဆောင်မည့် စက်လှေတစ်စီးဖြင့် မောင်တောမြို့နယ် အမှတ်(၁) ဝင်/ထွက်စခန်း(POE)ဆိပ်ကမ်းသို့ ရောက်ရှိကြရာ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ရဲဝေစိုး ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေး မှူး ဦးထွန်းလှဇံ ၊ ဌာနခွဲမှူး ဒုတိယညွန်ကြားရေးမှူး ဦးမင်းနိုင်ဦး ဦးဆောင်သော အဖွဲ့ဝင်များ ကြိုဆိုခဲ့ကြသည်။

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးအတွက် လတ်တလောကာလ၊ ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် စပ်လျဉ်း ၍ ပြန်လည်ထူထောင်ရေးအတွက် လတ်တလောကာလ၊ ကာလတို၊ ကာလရှည် စီမံကိန်းရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ကြသည်။

ပေါက်တောမြို့၌ မွေးစမှအသက်(၂)နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့ပေါ်(၅)ရပ်ကွက်အတွင်းရှိ မွေးစမှအသက်(၂)နှစ်အောက် မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်