မြေပုံမြို့၌ မျက်စိဝေဒနာရှင်များအား (အခမဲ့)ဆေးကုသပေးခြင်းနှင့် မျက်မှန်များ တပ်ဆင်လှူဒါန်းပေး

မြေပုံ  အောက်တိုဘာ  ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ နယ်မြေခံတပ်နယ်မှဆေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ မျက်စိဝေဒနာရှင်များအား (အခမဲ့)ဆေးကုသပေးပြီး မျက်မှန်တပ်ဆင်လှူဒါန်းပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်နယ်မှဆေးအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကုသရေးဝန်ထမ်းတို့က လာရောက်ကုသမှုခံယူသူများအား လူနာမှတ်တမ်းတင်ခြင်း၊ သွေးပေါင်းချိန်ခြင်းစမ်းသပ်စစ်ဆေးခြင်းများပြုလုပ်ပေးကာ သင့်လျော်သော မျက်မှန်များကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း၊ လုပ်ငန်းဆောင်ရွက်ရာသို့  နယ်မြေခံတပ်နယ်မှ ခေတ္တဗျူဟာမှူး ဗိုလ်မှူးကြီးအောင်နိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး ဆေးကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား အားပေးစကားပြောကြားခဲ့ကြကြောင်း သိရှိရသည်။         

တင်ဝင်း